Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပိုးလုံးအိမ်၊ ရာဘာ၊ ကြိမ်၊ အင်ကြင်းကျောက်၊ ဆန်နှင့် ဆန်ကွဲများတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၃၁၃၄၉ ဒဿမ ၄၇  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ငွေပမာဏမှာ ၁၀၀၀၀၀ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၄၃၁၃၄၉ ဒဿမ ၄၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ဓါတ်မြေဩဇာများ၊ ဆေးဝါးပစ္စည်းများ၊ ချည်ထည်များ၊ ဓါတုဗေဒချည်ခင်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံပိုက်နှင့်  အခြား ပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၁၂၁၁၈၈ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ သို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၅၄၀၉၂၇ ဒဿမ ၈၄ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၆၆၂၁၁၅ ဒဿမ ၈၄  တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၅ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၅ ဒဿမ ၇၁ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News